ISO 9001 : QMS

Overview



[Zawgyi]
What is ISO 9001. Again ? 
=================








[Unicode]
What is ISO 9001. Again ? 
=================

ISO 9001 ဆိုသည်မှာ စီမံခန့်ခွဲမှု စနစ်တွေ အတွက် အသုံးပြုသော စံ (standard) ဖြစ်ပြီး ကမ္ဘာမှာ အသုံးအများဆုံးနဲ့ လူသိအများဆုံး စီမံခန့်ခွဲမှု စနစ် တစ်ခု ဖြစ်ပါတယ်။

စံ (standard) ဆိုသည်မှာ ဥပဒေ (law) မဟုတ်ပါဘူး။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းများ အတွက် သဘောတူညီမှု တစ်ခု ဖြင့် အလေ့အကျင့်ကောင်း များ ကို ဖော်ဆောင် ကျင့်သုံးရသည့်စနစ် ဖြစ်ပါတယ်။

လူကြီးမင်းတို့ ၏ လုပ်ငန်းများ Continual Improvement(CI) စဉ်ဆက်မပြတ်တိုးတက်မှု အတွက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ သုံးသပ်ခြင်းများ၊တိုင်းတာခြင်းများ၊စောင့်ကြည့်ခြင်း၊ဖော်ဆောင်ခြင်း၊ ပြင်ဆင်ခြင်း၊ကာကွယ်ခြင်းအစီအစဉ်များ၊ သတ်မှတ်ရည်မှန်းချက် အစရှိသည်တို့ကို သက်ဆိုင်ရာစံညွှန်းများအတိုင်း ဖော်ဆောင် ရမည့် လုပ်ငန်းစဉ်များ ပါဝင်ပါတယ်။

စံစနစ် (standard) ကျင့်သုံးခြင်းက လုပ်ငန်းတွင်းရှိ လူတစ်ဦးချင်းစီ ၏ ပညာရှင်ဆန်မှု၊ တာဝန်ယူတတ်မှု၊ခေါင်းဆောင်မှုအရည်အသွေး အစရှိသည်တို့ကို ပိုမို တိုးတက် ထိရောက်ကောင်းမွန်စေပါတယ်။

Quality Management System (ISO:9001 QMS) စနစ် သည် မိမိတို ့လုပ်ငန်း ရှိ စားသုံးသူ/သုံးစွဲသူ (Customers) များ နှင့် ၄င်းတို့နှင့် ဆက်စပ်နေသည့် လုပ်ငန်းစဉ်များအတွင်း ပါဝင်ပက်သက်နေသူများ အတွက် အဓိက ကျေနပ်မှု၊ လိုအပ်ချက် စသည်တို ့ကို သေချာစွာသိရှိဖော်ဆောင် နိုင်မည့် ကိရိယာ(tool) တစ်ခုလည်းဖြစ်ပါတယ်။