ISO 45001 Occupational Health and Safety

Coming Soon

[Zawgyi]


အဆိုပါ စနစ်မှာ 




[Standard]

ကျနော် တို့ကမ္ဘာမှာ လုပ်ငန်းခွင် အန္တရာယ်နှင့်ပက်သက်ပြီးဖြစ်စေ ရောဂါကြောင့်ဖြစ်စေ လက်ရှိ တရက်မှာ လူပေါင်း ခြောက်ထောင့်သုံးရာကျော်ဟာ သေဆုံး နေကြတဲ့ အတွက်နှစ်စဉ်နှစ်တိုင်း 2.3 သန်းနီးပါး မသေသင့်ပဲသေကြေပျက်ဆီးနေပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ အန္တရယ်တွေနဲ့ ထိခိုက်ဒဏ်ရာရနိုင်ချေတွေကို လျော့ချ နိုင်ဖို့ISO Organization အနေနဲ့ Occupational Health and Safety Management Systems ကို ကျွမ်းကျင်သူများ ပညာရှင်များနှင့် စနစ်ချမှတ်ခဲ့ပါတယ်။

အဆိုပါ စနစ်မှာ 
 လုပ်ငန်းခွင်ထဲရှိ ဝန်ထမ်းများ၏ လုံခြုံရေး၊ အသက်အန္တရာယ်ကင်းရှင်းရေး
 လုပ်ငန်းခွင် အန္တရယ်လျော့ချနိုင်ရေး
 ပိုမို လုံခြုံကောင်းမွန်တဲ့ လုပ်ငန်းခွင် တည်ဆောက်ရေးဆိုင်ရာ စနစ်ကောင်းတွေ အလေ့အကျင့်ကောင်းတွေပါဝင်ပါတယ်

လုပ်ငန်းခွင်မှာ မလိုလားအပ်တဲ့ အန္တရာယ်တစုံတရာကျရောက်ခဲ့မယ်ဆိုရင် 
လုပ်ငန်းရှင်ဖက်မှာရော ဝန်ထမ်းများဖက်မှာ ပါ မမျှော်မှန်းထားသော ဆုံးရှုံးမှုတွေရှိနိုင်သလို customer များ အတွက်လဲ ထိုခိုက်မှုတွေရှိနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင် ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေကို မွေးမြူနိုင်ပြီး ပိုမို ကောင်းမွန်အောင်မြင်တဲ့ အနာဂါတ်ကို တည်ဆောက်လိုသူလုပ်ငန်းရှင်များအတွက်တော့ မရှိမဖြစ်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။

ISO 45001 မချမှတ်နိုင်သေးစဉ် အခါက OHSAS 18001 ကိုသာလုပ်ငန်းရှင်များအနေဖြင့် လိုက်နာကျင့်သုံးခဲ့ကြပါတယ်။ ယခုအခါ ပိုမိုကောင်းမွန်သော အလေ့အကျင့်ကောင်းများ၊စနစ်များကို ISO 45001 ကို ရယူကျင့်သုံးနိုင်တော့မှာဖြစ်ပါတယ်။

အောက်ဖော်ပြပါပုံတွေမှာတော့ ISO 45001 နဲ့ပက်သက်သည်များကို ဖတ်ရှုလေ့လာနိုင်ရန်တင်ပြထားပါတယ်။